ခွေဆိုင်ရောက်လို့ ဘာဇာတ်ကားဝယ်ရမလဲမသိ ဖြစ်နေပါသလား ၀ယ်ပြီးမှမကောင်းဘူးဆို အဲ့ဒါအရမ်းဆိုးတာ ဒီမှာဇာတ်လမ်းတွေအကြောင်း မိတ်ဆက်ပေးထားပါတယ်

Avengers

ဒီဇာတ်ကားက Thor ကားရဲ့ အဆက်ပါပဲ
ဒါပေမယ့်လို့ ဒီကားမှာ iron man, hulk နဲ့ Captain America
တို့ပါ ပါလာပါတယ်
Thor ရဲ့ ဘာမှမတော်တဲ့ ညီဖြစ်သူ လိုကီ ဟာ ကမ္ဘာကြီးကို ဖျက်ဆီးဖို့
Frost Giant တွေကိုအကူအညီတောင်းကာ ကမ္ဘာပေါ်တွင်စစ်ဖြစ်သောအခါ
Marvel heroes တွေကဘယ်လိုကာကွယ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်
ကြည့်ရှုကြရမှာဖြစ်ပါတယ်

[url]http://upload.wikimedia.org/wikipedia/en/thumb/f/f9/TheAvengers2012Poster.jpg/220px-TheAvengers2012Poster.jpg[/url]

The Lost Room

ဒီဇာတ်ကားဟာ သော့လေးတစ်ချောင်းကနေစပါတယ်
ဒီသော့လေးဟာ မည်သည့်တံခါးကိုမဆိုဖွင့်နိုင်ပြီး မိမိသွားချင်တဲ့နေရာကိုသွားနိုင်ပါတယ်
အရမ်းစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားပါ
ဒီသော့နဲ့အတူ အခြားအစွမ်းရှိတဲ့ပစ္စည်းပေါင်းများစွာဟာ
ထူးထူးဆန်းဆန်းဖြစ်ပျက်ခဲ့တဲ့ မိုတယ်တစ်ခုမှ အဖြစ်အပျက်တစ်ခုကြောင့် ထိုစ္စည်းဟာ အစွမ်းထက်လာကြပါတယ်
ဇာတ်ဆောင်ရဲ့ သမီးလေးဟာ ထိုမိုတယ်အခန်းထဲမှာ လူဆိုးများကိုရှောင်ပြေးရင်းနဲ့ ပျောက်သွားတယ်
ဒါကိုဇာတ်လိုက်က အခြားသောအစွမ်းရှိပစ္စည်းတွေနဲ့ အတူတူ သူသမီးကို အခန်းထဲမှ ပြန်ထုတ်ဖို့ ကြိုးစားတာကို
ရိုက်ကူးထားတာပါ
mini Series တစ်ခုဖြစ်ပြီး ၄ပိုင်းပါပါတယ်

The Spiderwick Chronicles

ဒီဇာတ်ကားလေးဟာ ကလေးတွေသရုပ်ဆောင်ထားတာပါ
ကျွန်တော်တို့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ မမြင်တွေနိုင်တဲ့ သတ္တ၀ါတွေအများကြီးပါ
ဒီသတ္တ၀ါတွေကို ဇာတ်ဆောင်ကလေးတွေရဲ့ အဖိုးဖြစ်သူက စူစမ်းရင်းနဲ့တွေ့သွားပါတယ်
(Flower Fairy, Goblin, Elf)အစရှိတဲ့အကောင်တွေပါ
သူက သူတို့အကြောင်းကို စာအုပ်တစ်အုပ်ရေးခဲ့ပါတယ်
အကောင်ဆန်းတွေက သူတို့လောကကိုသိသွားတဲ့လူကို လူလောကမှာမထားပါဘူး
ဒါနဲ့ အဲ့ဒိအဖိုးကို သူတို့လောကဆီကိုခေါ်သွားပါလေရော
သူမြေးဖြစ်သူတွေစာအုပ်ကိုတွေ့သွားတဲ့အခါ
အဲ့ဒိစာအုပ်ကို အကောင်ဆန်းလောကမှ လူဆိုးကြီးက လာလုသောအခါ
အရမ်းစိတ်ဝင်စားစရာကောင်းပါတယ် ကြည့်လိုက်ကြပါဦး

ဒီဇာတ်ကား အဆင့်အတန်းလွန်ဇာတ်ကား တစ်ကားပါ
တစ်ခြားဂြိုလ်နှစ်ခု စစ်ဖြစ်တဲ့ပုံကို ရိုက်ကူးထားတာပါ
Thor ဟာ သူအဖေရဲ့ ခွင့်ပြုချက်မရပဲ ရန်ဖက်ဂြိုလ်ကို သွားရောက်ခဲ့တဲ့အခါ
သူ့အဖေကစိတ်ဆိုးပြီးကို သူကိုအပြစ်ခံဖို့ ကမ္ဘာမြေကိုလွှတ်လိုက်တယ်
သူနဲပအတူ သူကိုင်ဆွဲနေကျ လက်နက်ကြီးဖြစ်တဲ့ တူကြီးကိုပါ ကျိန်စာတိုက်ပြီး
ထည့်ပေးလိုက်တယ်
သူနဲ့သူအဖေနဲ့ နှလုံးသားချင်းတစ်ပြေးတည်းဖြစ်တဲ့အချိန်မှ ကျိန်စာကလွှတ်ပြီး
သူမှတစ်ဖန်ပြန်လည်အသုံးပြုနိုင်မှာဖြစ်တယ်
သူအစ်ကို(တစ်ကယ်တော့ဘာမှ မတော်ဘူး သူ့အဖေက ရန်ဖက်ဂြိုလ်ကနေ သနားလို့
မွေးစားထားတာ) ကမ္ဘာကိုလိုက်လာပြီး Thor ကိုရန်ရှာတဲ့အခါ

လူတို့ရဲ့ ဦးနှောက်ဟာ ပုံမှန်အားဖြင့် သူရဲ့စွမ်းဆောင်နိုင်ရည်၏ 10% လောက်ကိုသာ အသုံးပြုနိုင်ပါတယ်
ဒီဇာတ်ကားထဲမှ ဇာတ်ကောင်ဟာ ၁၀၀% လုံးသုံးနိုင်တဲ့ ဆေးတစ်မျိုးကိုသောက်မိတဲ့အခါ
သူ့ရဲ့ ဥာဏ်ရည် နှင့်အခြားသော ကိုယ်ရည်ကိုယ်သွေးအားလုံးဟာ
သူများနဲ့မတူ တမူထူးခြားစွာ မြင့်တက်သွားပါတယ်
ဒါပေမယ် ဒီဆေးကိုဆက်မသောက်ပါက ဦးနှောက်ဟာပင်ပန်းပြီးသေသွားပါလိမ့်မယ်
ဒီလိုစိတ်ကူးယဉ်ဆန်ဆန်လေး ရိုက်ထားပေမဲ့ ဇာတ်လမ်းလေးကစိတ်ဝင်စားစရာကောင်းပါတယ်

x-men နောက်ဆုံးထွက်တဲ့ကားပါ
Professor X နဲ့ Magneto တို့ရဲ့ ငယ်စဉ်ကအကြောင်းတွေကို
ရိုက်ကူးတင်ပြထားပါတယ်
တစ်ခြားကားတွေမှာ မပါသေးတဲ့ Mutant အသစ်တွေလဲပါပါတယ်
X-men ချစ်သူများအတွက်လက်မလွှတ်တမ်း ကြည့်သင့်ပါတယ်

ဒီဇာတ်ကားက ပုံမှန်ကိုရီးယား ဒရာမာ ကားတွေထဲကခွဲထွက်လာတဲ့
ဇာတ်ကားတစ်ကားပါ လီဗြောင်ဟွန်းလို့ အများကသိထားတဲ့
Iris ကားထဲမှ မင်းသားဟာ ဒီဇာတ်ကားရဲ့ဇာတ်ဆောင်ပါ
သူရဲ့ရည်းစားကို စိတ္တဇလူသတ်သမားက သတ်သွားတာကို
မိမိကိုယ်တိုင် လက်စားလိုက်ခြေတဲ့ ဇာတ်ကားလေးပါ
နှလုံးရောဂါရှိသူတွေနဲ့ ကလေးများမကြည့်သင့်ပါဘူး

Tag Cloud

Follow

Get every new post delivered to your Inbox.